Tuesday 8 January 2013

ပထမအကြိမ်မြောက် ပညာဒါန ကုသိုလ်ပြု လှူဒါန်းပွဲ သတင်းပုံရိပ်အချို့ 



အနာဂတ်ကြယ်ပွင့်လေးများ ပညာရေးကူညီမှုအသင်း၏ပထမအကြိမ်မြောက် ပညာဒါနကုသိုလ်ပြုလှူဒါန်းခြင်းကျေးဇူးတင်လွှာ
 အနာဂတ်ကြယ်ပွင့်လေးများပညာရေးကူညီမှုအသင်း၏  ပထမအကြိမ်မြောက်ပညာဒါနကုသိုလ်ပြုလှူဒါန်းခြင်းကို  ရန်ကုန်တိုင်း၊မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့နယ်၊မြောင်းတကာ စံပြကျေးရွာ၊ရွာသစ်ကုန်းရှိ ပုညကာရီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိကျောင်းသူ/သား ၁၄၈ယောက်တို့ ကို   ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်များ၊ဗလာစာအုပ်များ၊ခဲတံ၊    ဘော့ပင်အစရှိသည့်စာရေးကရိယာများကိုလှူဒါန်းပေးအပ်ပွဲ အခန်းအနားသည် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီးခင်ဗျာ။ ယခုလို အဆင်ပြေစွာ လှူဒါန်းမှုများ ပြုလုပ်ရန် အတွက် အဖက်ဖက်မှ ကူညီပေးသွားသော Admin များ၊ Memberများ၊ အလှူရှင်များ နှင့် ကျေးဇူးတင်ထိုက်သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်ခင်ဗျာ။ အလှူစာရင်း အတိအကျ နှင့် ဓါတ်ပုံမှတ်တမ်း၊ vedio မှတ်တမ်းများကို ၈ရက်၊6လ၊၂၀၁၁ခုနှစ် အစည်းအဝေးအပြီးတွင် အသေးစိတ်တင်ပြပါမည်ခင်ဗျာ။  

ကျန်ရှိနေသော မှတ်တမ်းဓါတ်ပုံများနှင့် ဗီဒီယို များကို တည်းဖြတ်ပြီးသည်နှင့် ဆက်လက်တင်ပြသွားပါမည်..
အများအကျိုးသယ်ပိုးချင်သော သူငယ်ချင်းများကို အနာဂတ်ကြယ်ပွင့်လေးများမှ ကြိုဆိုပါတယ်..
စိတ်ပါဝင်စားသူများ လက်တွဲ ပါဝင်နိုင်ပါတယ်ခင်ဗျာ..

လက်တွေခိုင်ခိုင်မြဲတွဲပါလို့ 
စည်းလုံးကာညီညွတ်ခြင်းအဖြာဖြာနဲ့ 
တက်လှမ်းကာအရောက်သွားကြမယ်
အနာဂတ်ကြယ်ပွင့်လေးများထွန်းလင်းရာ
ထက်ကောင်းကင်တိမ်ယံဖျားဆီသို့ .......။

အနာဂတ်ကြယ်ပွင့်လေးများမှ ပုညကာရီ ဘုန်းတော်ကြီးသင် ကျောင်းဆိုင်းဘုတ်တင်ပွဲအခမ်းအနား ဓာတ်ပုံများ


အနာဂတ်ကြယ်ပွင့်လေးများ

ပုညကာရီ
ဘုန်းတော်ကြီးအသင် စာသင်ကျောင်း
ဆိုင်းဘုတ်တင်ပွဲ အခမ်းအနာ ဓာတ်ပုံများ

*********************************************************************************

**********************************************************************************

*********************************************************************************

********************************************************************************

********************************************************************************

*******************************************************************************

****************************************************************************
ပုညကာရီ ဘုန်းတော်ကြီးသင် ကျောင်းဆိုင်းဘုတ်တည်ထောင်ပွဲ အောင်မြင်စွာ ပီးဆုံးခဲ့ပါသည်...

ဝိုင်းပါ ၀န်းပါ ကူညီပါဆိုတဲ့ စကားများနှင့်အတူ ..
မွန်မြတ်သော စိတ်ထားတို့နှင့်
နောက်နှစ်တွေတိုင်း အဆင်ထာဝရ ကြိုးစားနေအုန်းမည့် အနာဂတ်ကြယ်ပွင့်လေးများ နှင့်အတူ မန်ဘာဝင်အားလုံး
အထက် ကောင်းကင်ကြီးဆီသို့ .. ထွန်းလင်းနိုင်ကြပါစေ...
ကျန်ရှိနေသော ဓာတ်ပုံများကိုလည်း ဆက်လက်တင်သွားမှာပါ..
ပီတီသောတ ဘ၀င်ကျလျက် ... အနာဂတ်မှာ ထွန်းလင်းနိုင်ကြပါစေ

ကလေးများ ကျောင်းအပ်နှံရေးနှင့် ကျောင်းသုံးပစ္စည်းများ လှူဒါန်းရန် ဖိတ်ခေါ်ခြင်း


အနာဂတ်ကြယ်ပွင့်လေးများ မှာ ရှိကြတဲံ့ အဖွဲ့ ဝင်များအားလုံး မင်္ဂလာပါ ခင်ဗျာ..
ခုဆိုရင် ကျနော်တို့ မြန်မာပြည်မှာ ကျောင်းနေအရွယ်ကလေးတွေ ကို စာသင်ကြားနိုင်ကြရန်အတွက် ကျောင်းအပ်နှံရေးများ ပြုလုပ်နေကြပါပြီ..ထို့ ကြောင့်
အနာဂတ်ကြယ်ပွင့်လေးများရဲ့ ပုညကာရီ ဘုန်းတော်ကြီးသင်စာသင်ကျောင်း လေးမှာ မိဘမဲံ့ကလေးများနှင့် ဆင်းရဲနွမ်းပါးသောကလေးငယ် များစွာတို့ ကို
ကျောင်းသုံး ပစ္စည်းများ လှူဒါန်းရန် နှင့် ကျောင်းပြောင်းတက်ရမည့်ကလေးငယ်များအား ကျောင်းအပ်နှံရေးအတွက် နှိုးဆော်ပန်ကြားခြင်း ။
ကျနော်တို့ အနာဂတ်ကြယ်ပွင့်လေးများမှ ပြီးခဲ့သည့် စာသင်နှစ်မှ စ၍ ပညာရည် ထူးချွန်ပြီး အမှန်တကယ် ဆင်းရဲ
နွမ်းပါးသော ကလေးငယ် လေးဦးတို့ ကို ပညာရေးဆုံးခန်းတိုင်သည်အထိ တာဝန်ယူခဲ့ပြီး ၊ ကျောင်းရှိကလေးငယ်များ အားလုံးအတွက်ကိုလည်း ကျောင်းသုံး
ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပါသည် ။ ပြီးခဲ့သည့်စာသင်နှင်အတွကိုလည်း အခြားသော ကျောင်းများ နည်းတူ ပညာရည်ချွန်ဆုများလည်း ပေးအပ်ပြီး ကလေး
ငယ်များရဲ့ ကြိုးစားအားထုတ်မှုကို မှတ်တမ်းတင် ဂုဏ်ပြု ပေးခဲ့ပါပြီ.. သည်လို ပြုလုပ်ပေးခြင်းမှာ ကလေးငယ်များ ကျောင်းပညာရေးတွင်ကြိုးစား ထူးချွန်လာစေ
ရန်ရည်ရွယ်ပါသည်.. ။







တစ်ပြိုင်နက်ထဲမှာပဲ ကျနော်တို့ ကျောင်းလေးအား နာယက ဆရာတော် ၏ သြဝါဒကို ခံယူ၍ အနာဂတ်ကြယ်ပွင့်လေးများ အမည်ဖြင့် ကျောင်းလေးအား အောင်
မြင်စွာ ဆိုင်းဘုတ်တင်နိုင်ခဲ့ပါပြီ..
ဤကဲ့သို့ ဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီ
ပေးခဲ့ကြသော အဖွဲ့ ဝင်များနှင့် အလှူရှင်များ ၊
လုပ်အား အလှူရှင်များ အနာဂတ်ကြယ်ပွင့်လေး
များ အားလုံရဲ့ လက်တွဲညီညာမှု ကိုဖော်ဆောင်နိုင်
ခဲ့ပါပြီ....။


ယခု မေလ (၃၁ ) ရက်နေ့ မှာ ကျင်းပမည့် ကလေးများ ကျောင်းအပ်နှံရေး နှင့် ပညာသင်ကြားရေးအတွက် ထောက်ကူပြု ကျောင်းသုံးပစ္စည်းများ လှူဒါန်းနိုင်ရန်
အတွက် ဖြစ်ပါသည်.. ။
ယခုလက်ရှိ ကျနော်တို့ တာဝန်ယူထားခဲ့ပြီးသော ကလေးငယ် လေးဦးမှာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့အပ်နှံရမည်ဖြစ်ပါသည် ပြီးခဲ့သည့် ပညာရည်ချွန်
ဆုပေးပွဲတွင် ပညာရည်ချွန်ဆုရရှိခဲ့ကြသော ကလေးငယ်များအနက်မှ အမှန်တကယ် ဆင်းရဲနွမ်းပါးသော ကလေးငယ်များကိုလည်း ထပ်မံ၍ ပညာရေးဆုံးခန်းတိုင်
သည်အထိ ဆက်လက် တာဝန်ယူသွားရန်ရှိပါသည် ။ ကျောင်းလေးရဲ့ စာသင်ဆောင်လေးမှာလဲ အုပ်ကျောင်းဆောင်လေး အဖြစ်သို့ ပြောင်းလဲ ခဲ့နိုင်ပေမဲ့ လိုအပ်
သည်များကတော့ ရှိနေသေးပါသည် ထို့ ကြောင့် ၎င်း လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းသွားနိုင်ရန် ရှိနေသည့်အပြင် လာမည့်စာသင်နှစ်အတွက် ကျောင်းအ
တွက် လိုအပ်သော သင်ထောက်ကူ ကျောင်းသုံးပစ္စည်းများ လည်းလှူဒါန်း ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်..။ကျန်ာတို့  ပြီးခဲ့သည့်စာသင်နှစ်မှာလဲ မန်ဘာများက
လက်တွဲပါဝင်ကာ ကူညီခဲ့ကြသလို သည်နှစ်မှာလဲံ အဖွဲ့ ဝင်များ အနေဖြင့် မိမိ တို့ တတ်နိုင်သည့်ဘက်ကနေ ဝိုင်းဝန်းကူညီကြစေချင်ပါသည်..။
ကျနော်တို့ မှာ နာမည်လိုက်အောင် ကြယ်လေးတွေလိုပဲ အလင်းအား မတောက်ပကြပါဘူး ဒါပေမဲ့ ကြယ်လေးတွေ အများကြီးစုပေါင်းလိုက်ရင်တော့ အမှန်တကယ်
လိုအပ်နေတဲ့ အမှောင်ဖုံးနေတဲ့ နေရာဒေသလေးတခုမှာတော့ ကျနော်တို့ အလင်းပေး လမ်းပြနိုင်ကြမှာပါ ဒါကြောင့် ကျနော်တို့ အားလုံးစုပေါင်းအားနဲ့  အလင်းပေး
လမ်းပြခေါ်ဆောင်ပေးကြမယ်ဆိုရင်ဖြင့် မျိုးဆက်သစ်လူငယ်လေးတွေ ပညာအလင်းရလို့  ထက်ကောင်းကင်တိမ်ယံဖျားမှာ အနာဂတ်ကြယ်ပွင့်လေးများ ထွန်းလင်း
တောက်ပ နိုင်စေရန်အတွက် ကျနော်တို့ နဲံ့ အတူ လက်တွေခိုင်ခိုင်မြဲတွဲကာ ...............................လာမည့်..

ဇွန်လ ( ၃ )ရက် တနင်္ဂနွေ နေ့ တွင် အနာဂတ်ကြယ်ပွင့်လေးများ ရဲ့ ပုညကာရီ ဘုန်းတော်ကြီးသင် စာသင်ကျောင်းလေးမှာ လိုအပ်နေသာ ကျောင်းသုံး ပစ္စည်း စာရေးကရိယာများ လှူဒါန်းခြင်း ၊ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့အပ်နှံရမည့် ကလေးငယ်များအား ကျောင်းအပ်နှံပေးခြင်း ၊ ပညာရည်ထူးချွန်ပြီး အမှန်တကယ်ဆင်းရဲနွမ်းပါးသော ကလေးငယ်များအား ပညာရေးဆုံးခန်းတိုင်သည်အထိပညာသင်စရိတ်များ ထောက်ပံ့ပေးခြင်း နှင့် ကျောင်းတွင် စောင့်ရှောက် ထားသောမိဘမဲ့ ကလေးငယ်များ အတွက်ကိုလည်း လိုအပ်သည်များ လှူဒါန်းမည်ဖြစ်ပါသောကြောင့် .. ကျနော်တို့  အနာဂတ်ကြယ်ပွင့်လေးများ နှင့်အတူ လက်တွဲပါဝင်ကာ ကုသိုလ် ယူနိုင်ကြစေရန် နိဗ္ဗာန် အကျိုးမျှော် နှိုးဆော် လိုက်ရပါသည်ခင်ဗျာ...။
 
ဆက်သွယ်လှူဒါန်းနိုင်ရန်
ရန်ကုန်                     ။             ။ လွမ်းပိုင်ရှင် ( 01 210800 ၊ 09 43136207 )Email - lwanpaishin@futurestars-mmorg
။ ရုပ်သေး  ( 09 5156462 )
နေပြည်တော်             ။              ။ လမင်း (- ) Email - lamin@futurestars-mm.org
မလေးရှား( ပီနန်း)       ။             ။ ကိုဖြိုး ( 010 3836081 ၊ 016 4362339 ၊ 012 4064167 ) Email - ayarwadythar@futurestars-mm.com
မလေးရှား(ကွာလာလမ်ပူ)။           ။ Rickywin @ ကိုဦး ( 017 3745961 ) Email - kolupyo8@gmail.com
ထိုင်း                       ။              ။ မရှမ်းမ ( 0066 0888033617 ) Email -
shan9866@gmail.com

အထက်ဖော်ပြပါ အီးမေးလိပ်စာ နှင့် ဖုန်းနံပါတ် များသို့  ဆက်သွယ်လှူဒါန်းနိုင်ပါသည်..။ အလှူပွဲ အချိန်နှင့် သွားရောက်ကြရန် စုရပ်နေရာကို ထပ်မံဖော်ပြပေးပါမည်။

လက်တွေခိုင်ခိုင်မြဲတွဲပါလို့ 
စည်းလုံးကာညီညွတ်ခြင်းအဖြာဖြာနဲ့ 
မဆုတ်မနစ်အားမာန်ဝံ့ပါလို့ 
တက်လှမ်းကာအရောက်သွားကြမယ်
အနာဂတ်ကြယ်ပွင့်လေးများထွန်းလင်းရာ
ထက်ကောင်းကင်တိမ်ယံဖျားဆီသို့ ..။

ဖတ်စာအုပ် စာရေးကိရိယာနဲ့ ဗလာစာအုပ်များ လှူစဉ်



ထိုင်းနိုင်ငံရှိရေဘေးဒဏ်သင့်မြန်မာများအတွက် ဆန်နှင့်သောက်ရေသန့် များ လှူဒါန်း


အနာဂတ်ကြယ်ပွင့်လေးများ ပညာရေးကူညီမှုအသင်းမှ ထိုင်းနိုင်ငံရှိ ရေးဘေးကြုံတွေ့ နေရသော မြန်မာ နိုင်ငံသားများအတွက်
လှူဒါန်းကြရာတွင် ပါဝင်လှူ ဒါန်းခဲ့ခြင်းနှင့် အမှတ်တရာ ဓါတ်ပုံများကို တင်ပြပေးလိုက်ပါတယ်..
ထိုင်းနိုင်ငံရှိ ရေဘေးဒဏ်သင့် မြန်မာ နိုင်ငံသားများအတွက် အနာဂတ်ကြယ်ပွင့်လေးများမှ ဆန် ကီလို ၁၅၀ နှင့် သောက်ရေ
သန့် ဘူး ပါကင် ၃၀ တို့ အားလှူဒါန်းပေးအပ်ခဲ့ပါသည်.. အနာဂတ်ကြယ်ပွင့်လေးများနှင့်အတူ ပူးပေါင်းပါဝင် လှူဒါန်းခဲ့သော
ကိုအိုက်ရီ + မခင်ချန်း( Sango Ikan Bakar ) တို့ အား အထူးပင် ကျေးဇူးတင် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း
အနာဂတ်ကြယ်ပွင့်လေးများ မှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်သည်..။
ရေဘေးဒဏ်သင့်ခံနေရသော ထိုင်းနိုင်ငံ မဟာချိုင် ကယ်ဆယ်ရေးစခန်းရှိ မြန်မာနိုင်ငံသားများအတွက် အနာဂတ်ကြယ်ပွင့်လေး
များ မှ တတ်အားသ၍ပါဝင်လှူဒါန်းမှုများပြုလုပ်ရာတွင်. ဆန် ကီလို ၁၅၀ သောက်ရေသန့် ဘူး ပါကင် ၃၀ တန်ဖိုးငွေ မလေးရှား ရင်းဂစ် ၆၀၀=မြန်မာငွေကျပ် ၁၅၀ ၀၀၀ ကျပ် ဖိုး အားအနာဂတ်ကြယ်ပွင့်လေးများမှ အက်မင် မောင်နှများ၏
ချွေးနည်းစာလေးများဖြင့် ပါဝင်လှူဒါန်းမှုပြုလုပ်ခဲ့ပါသည်.. အလားတူ ကျနော်တို့ မောင်နှမများနှင့်အတူ ပါဝင်လက်တွဲကာ
လှူဒါန်း ခဲ့သော မလေးနိုင်ငံရောက် ကိုအိုက်ရီ+မခင်ချန်း ( Sango Ikan Bakar )တို့ ဇနီးမောင်နှံ တို့ အားအထူးပင် ကျေးဇူးတင်ရှိပါသည်.. ၎င်းဇနီးမောင်နှံမှ အနာဂတ်ကြယ်ပွင့်လေးများ ပညာရေးကူညီမှုအသင်းအတွက်
လစဉ် အလှူငွေ မလေးငွေ ၅၀ = မြန်မာငွေ ၁၂၅၀၀ ကျပ်ကို လစဉ် လှူဒါန်း သွားမည်ဟုလည်း ကိုအိုက်ရီ+မခင်ချန်း
တို့ မှာ ပြောကြားခဲံပြီး ယခုလအတွက် အလှူငွေ ၅၀ အား ပါဝင်လှူဒါန်းခဲ့ပါကြောင့် မှတ်တမ်းတင်လိုက်ပါသည်..
အလှူပစ္စည်းများသယ်ယူပို့ ဆောင်စဉ် အမှတ်တရ မှတ်တမ်းပုံ အချို့ကို တင်ပြလိုက်ရပါသည်..

Saturday 9 June 2012

Create Clipping Mask ဖြင့် Text Effects ပြုလုပ်ခြင်း


Step 1: စာအတွင်းမှာအသုံးပြုလိုတဲ့ပုံကိုဖွင့်လိုက်ပါ
အခုတော့Background ကိုသင်ခန်းစာမှာမြင်ကွင်းကြယ်တစ်ခုဖြစ်တဲ့ကမ်းခြေပုံကိုသုံးထားပါတယ်

Step 2: Background ကို copy ကူးလိုက်ပါ(Ctrl+J)
layer နှစ်ခုမှ copy layer ကို layer1 လိုအမည်ပေးပါ။

Step 3:အောက်မှပုံတွင်ဝိုင်းပြထားသောနေရာကိုကလစ်လိုက်ပါ
new layer အသစ် တစ်ခုပေါ်လာပါလိမ့်မယ်

layer 2 လိုအမည်ပေးပြီး Background layer နှင့် "Layer 1":ကြား
သို့ထည့်ပါ

Step 4: layer 2 ကို menu bar ရှိ Edit > fill ကိုContents တွင် white ကိုရွေးပေးပြီး ok
click လိုက်ပါ။

Step 5:စာရေးရန် layer 1 သို့


Step 6: စာရေးရန် Type Tool (T) ကို click ပါ

Step 7: မိမိရေးလိုသော ဖောင့်အမျိုးအစာနဲ့ ဆိုဒ်ကို Options Bar မှာရွေးပါ

Step 8:Foreground Color ကို အဖြူရောင် (white) ချိန်ထားပေးပါ။
ကီးဘုတ်ကနေ X ကို click ရင်လဲရပါတယ်

Step 9: colour အဖြူဖြင့်စာရေးပါ

Step 10:ရေးထားသောစာကိုအကြီးအသေးချိန်လိုလျှင် Free Transform သို.မဟုတ်
ကီးဘုတ်မှCtrl+T နှိပ်ပြီးချိန်ပါ

Step 10:
Step 11: စာရေးထားသည့် layer ကို layer 1 အောက်သိုစွဲချလိုက်ပါ

ပုံတွင်မြင်ရသည့်အတိုင်း layer တွေကိုအစဉ်လိုက်မြင်ရမှာပါ

Step 12: layer 1 ကို CLICK ပါ

Step 13: LAYER 1 ကို right click နှိပ်ပြီးCreate Clipping Mask ကိုရွေးချယ်ပါ

Step 14: clipping lyer ကို menu bar မှ layer>Layer Styles >Drop Shadow

Drop Shadow မှ options ကို 60% Angle ကို120 ထားပြီး ok click လိုက်ပါ။

နောက်ဆုံးမှာရလာမယ့်ပုံပါ။

Photoshop CS5 မှာအသစ်တိုးလာတဲ့ Create Clipping Mask ပါ။